Tuesday, 17 July 2018

Mobile Phone အတုအစစ်ခွဲနည်း


Android Phone များ အတု အစစ်ခွဲနည်း
=====================
အဲအကြောင်းလေး မပြောခင်မှာ ဒီအကြောင်းလေးကို သိထားရပါမည်။
IMEI ဆိုတာဘာလဲ?
IMEI ဆိုတာ International Mobile Station Equipment Identity ဖြစ်ပါတယ်။
IMEI ဆိုတာ မြန်မာလို ရိုးရိုး ရှင်းရှင်း ပြောရမယ် ဆိုရင် ဖုန်းတစ်လုံးမှာ မရှိမဖြစ်
အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအနေမှာ ပါဝင်ပါတယ်။ ဖုန်းတစ်လုံးဆီမှာ သူရဲ့
IMEI Code နံပတ် တစ်ခုစီ ရှိပါတယ်။
ဘာကြောင့် IMEI က အရေးကြီးလဲ?
ဘာကြောင့် IMEI ဆိုတာ အရေးကြီးလဲ ဆိုရင် IMEI ဟာ ဖုန်းတစ်လုံးရဲ့ အသက်ပါဘဲ။
ကျွန်တော်တို့ ဖုန်းတွေ သုံးတယ်ဆိုတာ ဘာလုပ်ဖို့ သုံးတာလဲ။ ဖုန်းပြောဖို့အတွက် သုံးတာ
မှတ်လား။ ဖုန်းပြောဖို့ မဟုတ်ဘဲ Game ဆော့ချင်ရင် Tablet ၀ယ်ပြီး Game ဆော့လို့ရတယ်မှတ်လား။
အင်း အဲဒါပါဘဲ။ IMEI မရှိရင် ဖုန်းပြောလို့မရပါဘူး။ အဲဒါကြောင့် IMEI ကို အရေးကြီးတယ်လို့
ပြောတာပါ။ ပြီးတော့ IMEI နံပတ်သိယုံနဲ့ အဲဒါ ဘာဖုန်းလဲ ဆိုတာ သိလို့ရပါတယ်။ ဒီနည်းကိုတော့
Samsung,Sony,HTC,iPhone,LG တွေမှာဘဲ အသုံးဝင်ပါတယ်။ China Phone တွေမှာ တော်တော်
များများ အသုံးမ၀င်ပါဘူး။ IMEI နံပတ်သိယုံနဲ့ အဲဒါဘာဖုန်းလဲ ပြီးတော့ အဲဒါဘာမော်ဒယ်လဲ ပြီတော့
အဲထဲမှာ ပါတဲ့ Feature တွေကို ကြည့်လို့ရပါတယ်။ စစ်ချင်ရင်တော့ http://www.imei.info/ မှာ
IMEI နံပတ်ထည့်ပြီး သွားကြည့်လို့ရပါတယ်။ ဖုန်းတစ်လုံးမှာ မိမိက IMEI စစ်ကြည့်လိုက်တဲ့အခါမှာ
အဲဒီ IMEI က Null နေတာတွေ ပြီးတော့ 000 တွေ ဖြစ်နေတာတွေ ပြီးတော့ Invalid ဖြစ်နေတာတွေ
ဆို အဲဒီ ဖုန်းဟာ ဖုန်းပြောလို့ မရတော့ပါဘူး။ ဖုန်းပြောလို့ မရတော့တဲ့ အတွက် အဲဒီဖုန်းဟာ Game သာ
ဆော့လို့ရပြီး ဖုန်းပြောလို့ရတော့မည် မဟုတ်ပါ။ အဲဒီအခါကျရင် သက်ဆိုင်ရာ Tools တွေနဲ့ ပြန်ရေးမှ
ဖုန်းတစ်လုံးရဲ့ IMEI နံပတ်ဟာ တက်လာမှာ ဖြစ်ပါတယ်။ IMEI ရဲ့ အဓိပ္ပါယ် ရှင်းလင်းချက်ကို သိပြီနော်။
ဖုန်းတစ်လုံးမှာ IMEI နံပတ်ကို ဘယ်လို သိနိုင်မလဲ?
ဖုန်းတစ်လုံးမှာ IMEI နံပတ်ကို သိချင်ရင် ဖုန်းရဲ့ ဘက်ထရီကို ခွာပြီးတော့ အဲဒီဖုန်းနောက်ကျောမှာ ရှိပါတယ်။
ဖုန်းထဲကနေလဲ သွားကြည့်လို့ရပါတယ်။ သွားကြည့်မယ် ဆိုရင်တော့ ဖုန်းခေါ်တဲ့ Key မှာ *#06# လို့ရိုက်လိုက်ပါ။
မိမိရဲ့ IMEI နံပတ် တက်လာပါလိမ့်မည်။ပြီးတော့ ဖုန်းရဲ့ ဘူးမှာလည်း ပါပါတယ်။
မိမိဖုန်းတစ်လုံး ၀ယ်တော့မယ်ဆိုရင် *#06# နဲ့ IMEI ကို စစ် ပြီးရင် အဲဒီ IMEI ကို စာရွက်လေးနဲ့ မှတ်ထားပါ။
ပြီးရင် ဖုန်းကို ဘက်ထရီခွာပြီး ဖုန်းရဲ့ နောက်ကျောက IMEI နံပတ်နဲ့ တိုက်ကြည့်ပါ။ ပြီးရင် ဖုန်းဝယ်နေတုန်း ဖုန်းရဲ့
ဘူးမှာပါတဲ့ IMEI နံပတ်နဲ့ တိုက်ကြည့်ပါ။ အကုန်လုံး အဆင်ပြေမှ အဲဒီဖုန်းကို ၀ယ်ပါ။ နို့မို မဟုတ်ပါက အဲဒီဖုန်း
တစ်လုံးဟာ အထဲထဲက ဆားကစ်ဘုတ် ချိန်းထားတာ ဒါမှမဟုတ် ဘူးတွေ မှားနေတာတွေ ဖြစ်တတ်လို့ပါ။
IMEI အကြောင်းကို သိပြီထင်တယ်နော်။ IMEI မရှိရင် ဘာဖြစ်တတ်လဲ။ IMEI မရှိရင် ဖုန်းပြောလို့ ရမှာ မဟုတ်ဘူးနော်

Huawei
----------
Huawei ကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့ Huawei က China Phone
ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ Huawei China Phone တောင်မှ အတု ထွက်ပါသေးတယ်။
အဲဒီတော့ Huawei အတုအစစ် ခွဲနည်းလေးကို ပြောပြပေးလိုက်ပါတယ်။ အရင်ဦးဆုံး ဖုန်း စစ၀ယ်ရင်
စစ်ကမဲ့ အချက်က ဖုန်းခေါ်တဲ့ Key မှာ *#06# ကို နှိပ်ပေးပါ။ IMEI နံပတ် တက်လာပါလိမ့်မည်။
အဲဒီ IMEI နံပတ်ကို မှတ်ထားပြီး ဘူးတွေ ပြီတော့ ဘက်ထရီခွာပြီး အနောက်ကဟာတွေ နဲ့ တိုက်ကြည့်ပါ။
တူပြီလား အိုကေပြီလား။ နောက်တစ်ဆင့်ထပ်တက်ပါမည်။ ဖုန်းရဲ့ Settings ထဲကို ၀င်ပါ။ About Phone
ထဲကိုဝင်ပါ။ About Phone ထဲမှာ Model number ကိုကြည့်ပါ။ ဥပမာ Huawei U8825D ဆိုရင် ဖုန်းရဲ့
ဘူးတွေ ဖင်တွေမှာ သွားကြည့်ပါ Huawei U8825D ချင်းတူလား တူရင်ရပါပြီ။ နောက်တစ်ဆင့် Android Version
က 4.0.4 ဆိုရင် icream Sandwich မှတ်လား။ icream Sandwich မဟုတ်ဘဲ Gingerbread ဖြစ်နေပါက
အဲဒါဆို အတုဖြစ်ဖို့ သေချာသွားပါပြီ။ ဒါကလည်း ဖုန်းတစ်လုံး စစ၀ယ်ရင် စစ်ရမဲ့ အရာပါ။ အဓိကက အဲဒါ ပြသာနာ
မဟုတ်ပါဘူး။ နောက်ပိုင်းကျရင် ဖုန်းသုံးရင်း သုံးရင်းနဲ့ အတုအစစ်ခွဲခြားတက်သွားပါလိမ့်မည်။ Huawei အတုက
Firmware ရေးလို့ မရဘူး။ ပြီးတော့ မှန်ကွဲရင် မှန်တွေ လဲလို့ရမှာ မဟုတ်ဘူး။ အဲလောက်ဘဲ မှတ်ထားလိုက်ပါ။

Samsung
------------
Samsung ကတော့ ရှင်းပါတယ်။ အတုဆိုရင် Download Mode ၀င်လို့မရဘူး။ Firmware ရေးလို့မရဘူး။
ပြီးတော့ IMEI ကိုလည်း http://www.imei.info/ အဲမှာ သွားစစ်လို့ရပါတယ်။ အရင်ဦးဆုံး သူများတကာက
Samsung Phone တစ်လုံး လာရောင်းမည်ဆိုပါက စစ်ရမဲ့ အပိုင်းက IMEI နံပတ်ကို http://www.imei.info/ မှာ
စစ်ကြည့်ပါ။ အတုဆိုရင် ရှာလို့ ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ IMEI ကို Fake IMEI ထည့်ထားရင်တော့ မပြောတတ်
ပါဘူး။ အတုဆိုရင် Download Mode ၀င်လို့မရပါဘူး။


HTC
------
HTC မှာလည်း ရှင်းပါတယ်။ အစစ်ဆိုရင် Recovery mode,Fastboot Mode ၀င်လို့ရပါတယ်။ အတုဆိုရင်
အဲဒါဆိုဝင်လို့ရမည်မဟုတ်ပါ။ ဥပမာ သူများတကာက မိမိကို HTC Phone လာရောင်းပါက Vol Down + Power
ဝင်ကြည့်လိုက်ပါ။ Recovery Mode တွေ Fastboot Mode တွေ ၀င်လို့ရရင် အစစ်ပါ။ ၀င်လို့မရပါက အတုပါ။
အတုဆိုရင် Firmware မရှိပါဘူး အထဲက IMEI နံပတ်ကိုလည်း စစ်လို့ရပါတယ်။ တစ်ချို့ အတုတွေမှာဆိုရင်
IMEI ကို အတုထည့်ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Androd ဟာ Open Source ဖြစ်နေတဲ့အတွက်
ကြောင့်ပါ။

Sony
------
Sony မှာက အတုထွက်တာ ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အတုဟာ လူသုံးများတဲ့ ပစ္စည်းတွေကိုဘဲ လိုက်ထုတ်
လို့ ဖြစ်ပါတယ်။ တကယ်လို့ စစ်ချင်ရင် IMEI နံပတ်ကို ရိုက်ကြည့်ပြီး Online မှာ စစ်ကြည့်လို့ရပါတယ်။

Wednesday, 11 April 2018

မန်မာဘာသာ Language မပါတဲ့ဖုန်းများတွက် မြန်မာဘာသာLanguage ထည့်သွင်းနည်း

ဖုန်းရဲ့ Setting > Language မှာမြန်မာဘာသာမပါတဲ့ဖုန်းတွေတွက် မြန်မာဘာသာထည့်သွင်းနည်းကိုတင်ပေးလိုက်ပါတယ်။
မြန်မာဘာသာ Language ထည့်သွင်းချင်တဲ့ဖုန်းများတွက် Root ရှိရင်တော့ အောက်မှာလေ့လာနိုင်ပါတယ်။ မြန်မာဘာသာ Language မပါတဲ့ဖုန်းများတွက်စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။
အသုံးပြုနည်းကို Screenshot ပုံများဖြင့်လက်တွေ့ ရှင်းပြထားပါတယ်။
လိုအပ်တဲ့ဆော့ဝဲလ်ကိုတော့အောက်မှာဒေါင်းယူနိုင်ပါတယ်။
   

   

   

Friday, 6 April 2018

iOS passcode ဖြည်နည်း။
================
iOS version အနိမ့်​များတွင်​သာရနိုင်​ပြီး
Jailbreak လုပ်​ထားရန်​လိုပါသည်
နည်းလမ်း(၁)
1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။
3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။
4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။
5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!
-------------------------------
နည်းလမ်း(၂)
ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။
iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။
com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။
<key>Password</key>
<string>123456 </string> ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။
Download
iTunes ဒေါင်းရန်
https://goo.gl/ZtcjMF
i-funbox ဒေါင်းရန်
https://goo.gl/ZtcjMF
#credit: http://www.mm-mpxteam.net/
#MMTIT

Xiaomi ဖုန်းချစ်သူများအတွက် အရေးပါသောအရာတစ်ခုလို့ ပြောလို့ရတဲ့ Mi Account ရဲ့ အသုံးဝင်ပုံ သုံးလို့ကောင်းတဲ့ Feature တွေ အကြောင်းကို အနည်းငယ်ပြောပြပေးချင်ပါတယ်။
Mi Account ကိုဘာကြောင့်လိုအပ်တာလဲ ?
Mi Account ရှိမှသာ Theme app ကနေ မြန်မာစာကို Download ရယူပြီး မြန်မာစာကို ရယူနိုင်တာက အကောင်းဆုံး အားသာချက်တစ်ခု ဖြစ်နေမှာပါ။ Theme – Customize – fonts မှာ Zawgyi လို့ ရိုက်ရှာလိုက်ရုံဖြင့် မြန်မာစာ ကိုရရှိနိုင်တဲ့အတွက် မြန်မာစာကို အဆင်ပြေဆုံး အသုံးပြုနိုင်မှာပါ။ တကယ်တန်းသုံးမယ်ဆိုရင် Font ရှာရုံတင် မဟုတ်ပဲ နှစ်သက်ရာ Theme မျိုးစုံနဲ့ မိမိဖုန်းကို ပြောင်းလဲပြင်ဆင်နိုင်ဦးမှာပါ။
နောက်အားသာချက်တစ်ခုကတော့ Mi Cloud ပါဝင်တာဖြစ်ပါတယ်။ Mi Cloud ဆိုတာ ဘာလဲဆိုရင် Xiaomi ကနေ ဖုန်းအသုံးပြုသူတိုင်းကို Storage 5GB Free ပေးထားတာလို့ပဲ အလွယ်ပြောရမှာပါ။ Local Storage မဟုတ်ပဲ Online Storage တစ်ခုဖြစ်တဲ့အတွက် မိမိရဲ့ Contacts, Messages, Gallery, Call Log, Notes, Wifi Setting, Recordings တွေကို စိတ်ချလက်ချ Backup လုပ်ထားနိုင်မှာပါ။ Mi Cloud မှာ Backup ယူထားတယ် ဆိုရင် နောင် ဖုန်းပြောင်းတာပဲဖြစ်ဖြစ်၊ ဖုန်း Reset ချမိတာပဲဖြစ်ဖြစ် Mi Account Sign in ပြန်ဝင်ပြီး Mi Cloud ထဲမှ Data တွေကို Restore ပြုလုပ်လိုက်တာနဲ့ သုံးလက်စအတိုင်း ပြန်ပြီး ရရှိနိုင်မှာပါ။
Mi Cloud ထဲမှာမှ အသုံးဝင်တဲ့ Feature နောက်တစ်ခုကတော့ Find Device Feature ပဲဖြစ်ပါတယ်။ Find Device လို့ပြောလိုက်တာနဲ့ ဒါဟာ ဖုန်းပျောက်ရင် ပြန်လည်ရှာဖွေတဲ့ Feature တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ခန့်မှန်းမိကြမှာပါ။ တကယ်လို့ ဖုန်းပျောက်သွားခဲ့ရင် ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပြီး https://i.mi.com/ ကနေတစ်ဆင့် Mi Account ကို Sign in ဝင်ရောက်ပြီး ရှာဖွေနိုင်မှာပါ။ Mi Cloud မှာ Backup ရယူထားတဲ့ Data တွေကို ရယူနိုင်မှာဖြစ်သလို Find Device Feature တွင်လည်း ဖုန်းကို Lock ချခြင်း၊ Alarm မြည်စေခြင်း၊ Data များကို ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်မှာပါ။
( Find Device Feature ကို တကယ်ဖုန်းပျောက်တာမျိုးမဟုတ်ပဲနဲ့တော့ မစမ်းသပ်ဖို့ သတိပေးပါရစေ။ ဖုန်းကို Lock ချလိုက်ရင် Mi Account password ဖြင့်သာ ပြန်လည်ဝင်ရောက်ရမှာဖြစ်ပြီး Internet ချိတ်ဆက်ရန် အခက်အခဲ (သို့) Mi Account password မေ့နေပါက ပြန်လည်အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ အဲ့ဒီအပြင် နောက်ပိုင်း Xiaomi ဖုန်းတွေမှာ Security ပိုင်း မြင့်မားလာပြီး Mi Acoout Lock ကျပါက ပြန်လည်ဖြေနိုင်တဲ့ Service နည်းပါးလာတဲ့အတွက် Mi Account ID နဲ့ Password ကတော့ မဖြစ်မနေ မှတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ )
Mi Account တစ်ခုကို ဘယ်လိုပြုလုပ်ကြမလဲ ?
Mi Account တစ်ခုကို ပြုလုပ်တော့မယ် ဆိုရင် ဖုန်းရဲ့ Mi Account app ကနေပဲဖြစ်ဖြစ်၊ Setting – Mi Account ကပဲဖြစ်ဖြစ် Create Mi Account ကနေ အလွယ်တကူပြုလုပ်လို့ရပါတယ်။ နည်း ၂ မျိုးဖြင့် ပြုလုပ်နိုင်ပြီး Sim card ဖြင့် (သို့) Email/Gmail ဖြင့် ပြုလုပ်နိုင်မှာပါ။ Sim card နဲ့ ပြုလုပ်တာကတော့ များသောအားဖြင့် ပိုမိုမြန်ဆန်ပြီး တခါတလေ Telecom Operator ပေါ်မှုတည်ပြီးလည်း ကြာနိုင်ပါတယ်။
Gmail ဖြင့် ဖွင့်မယ်ဆိုရင် အောက်ပါ Link ကနေ ပြုလုပ်တာက ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ပုံမှန် Account တစ်ခု ဖွင့်တဲ့အတိုင်း လိုအပ်တဲ့ Field တွေကို ဖြည့်သွားပြီး ကိုယ့်ရဲ့ Gmail Inbox ထဲကို ပို့လာတဲ့ Verification code ကို ဖြည့်လိုက်တာနဲ့ Mi Account ဖွင့်လှစ်ခြင်း ပြီးဆုံးမှာဖြစ်ပါတယ်။
https://account.xiaomi.com/pass/register
မှတ်ချက် ။ Mi Account တစ်ခုအသုံးပြုနေပြီဆိုရင် ထို Account ကို Device 10 ခုအထိ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဖုန်းတစ်လုံး Account တစ်ခု ထားစရာ မလိုအပ်ပါဘူး။ ထပ်မံ သတိထားစေချင်တာကတော့ Mi Account ရဲ့ ID No. နဲ့ Password ကိုသေချာမှတ်ထားပေးဖို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။
Credit_ Together Mobile
Gplay Mini Graphic Error
Power ဖွင့်လိုက်တော့ နောက်ခံ Backlight တစ်ခုဘဲလင်းနေပြီး Graphic မပေါ်ဘူးဖြစ်နေတယ်
High Voltage ပိုင်းကိုတိုင်းကြည့်တော့ 13.7 V ရောက်နေပါတယ် ရုပ်ပိုင်းနဲ့ဆိုင်တဲ့ Bias Volts (+5V/-5V) ကိုတိုင်းကြည့်တော့ Vots ပျောက်နေပါတယ် Hi6522 နားက Bias Volts ထုတ်ပေးထားတဲ့ Capacitor နှစ်လုံးမှာလဲ Volts ပျောက်နေပါတယ် Hi6522 လေးကိုချိန်းပေးလိုက်မှအဆင်ပြေသွားတယ်
*CPU ကပေးထားတဲ့လမ်းကြောင်းတွေပျက်နေရင်ရင်လဲ Graphic ပျောက်နိုင်တယ်
*Hi 6522 Second IC ပျက်နေရင်လဲ Graphic ပျောက်နိုင်ပါတယ်
Error တူတွေအဆင်ပြေဖို့ပါ
သစ်ဆန်းသူ Mobile
09255809952
09425001244

Samsung J5(2016) Touch Error
J5 (2016) Touch/Lcd ဘယ်လောက်လဲလဲ Touch မရတော့ဘူးဆိုရင် Connector နားက Capacitor/Resistor လေးတွေရဲ့ထိပ်မှာ Volts တိုင်းကြည့်ပါ
ပုံထဲကအတိုင်း (TSP 3.0 V) ရောက်မရောက်အရင်စစ်ကြည့်ပါ
မရောက်ရင် Digital Meter နဲ့ တန်းဖိုးအရင်တိုင်းကြည့်ပါ တန်းဖိုးပြပြီး Volts မရောက်ရင် Main Power ic ကို Reball လုပ်ကြည့်သင့်ပါတယ်

အဆင်မပြေသေးရင် CPU ကပေးထားတဲ့ TSP INT လမ်းကြောင်းရှိ Resistorလေးကို Volts/တန်းဖိုး တိုင်းကြည့်ပါ 1.7 V ရောက်နေရပါမယ်
1.7 Vပျောက်နေရင် PMU 1.8 V ကနေ ကျော်ပေးကြည့်ပါ
Error မပျောက်သေးရင်တော့ I2C လမ်းကြောင်းတွေဖြစ်တဲ့ CPU နားက Resistor နှစ်လုံးကို Volts/တန်ဖိုးတိုင်းကြည့်ပါ
တန်ဖိုးသာပြပြီး Volts မထွက်ရင်
CPU နားက Capacitor လေးမှာ 1.7 V ရောက်မရောက်စစ်ကြည့်ပါ
Main Power IC Output ပိုင်းက ထွက်တဲ့1.7Volts ကနေလှမ်းကျော်ပေးကြည့်ပါ
အဆင်ပြေနိုင်ပါတယ်
အခုError က TSP INT 1.7 V လမ်းကြောင်းကResistor လေး Open ဖြစ်နေတာပါ
Resistor တန်ဖိုးရှိတဲ့အတွက်ခဲပူးလို့မရပါဘူး
တန်ဖိုးတူတဲ့ Resistor ကိုပြန်တပ်ပေးလိုက်မှအဆင်ပြေသွားတယ်
Error တူ/လိုအပ်သူတွေအတွက်ပါ
သစ်ဆန်းသူ Mobile
ဆိုင်(၁) - အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစဉ်အနီး၊ ဘားအံမြို့။
ဖုန်း- 09796502244/09792792636
ဆိုင်(၂) - အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကားဝင်းဟောင်းရှေ့၊ ဘားအံမြို့။
ဖုန်း- 09780002244
ဆိုင် (၃)- အမှတ်(9) ရပ်ကွက်၊ လမ်းဂွ၊ လှိုင်းဘွဲလမ်း၊ မဲဘောင်တံတားအနီး၊ ဘားအံမြို့။
ဖုန်း- 09788992244
09255809952
09425002244
Samsung J2 Prime EMMC Dead Repair
UFI EMMC Backup Link
https://drive.google.com/uc…
Backup File နဲ့ isp ထောက်ရေးတာက Boot တက်ရုံဘဲရပါမယ်
Download mode ဝင်ပြီးFull file ပြန်ရေးလိုက်အဆင်ပြေပါတယ်
သစ်ဆန်းသူ Mobile
09255089952
09425002244

Mobile Phone အတုအစစ်ခွဲနည်း Android Phone များ အတု အစစ်ခွဲနည်း ===================== အဲအကြောင်းလေး မပြောခင်မှာ ဒီအကြောင်းလေးကို ...