Friday, 6 April 2018

ဖုန်းတလုံးအား စမ်းသပ်ပုံ အဆင့်ဆင့်

ဖုန်းတလုံးအား စမ်းသပ်ပုံ အဆင့်ဆင့်
No power no short for beginner
ဖုန်းတလုံးpower မနိုးပါက ပထမဦးစွာ power supply တပ်၍ စမ်းပါ။ မနိုးပါက
ဒုတိယ စမ်းသပ်ရန်မှာ power ခလုတ် ဖြစ်သည်။ power ခလုတ်အား ဇာဂနာဖြင့် ပူးကြည့်ပါ။ဇာဂနာဖြင့် ပူး၍နိုးပါက power ခလုတ်error ဖြစ်သည်ဟု သိရှိနိုင် ပါသည်။ခလုတ်ပူး၍ မနိုးပါက
တတိယ စမ်းသပ်ရန်မှာ power ခလုတ်တွင်1.2v to 3.7v ရှိမရှိ စစ်ဆေးရန် ဖြစ်သည် Voltမရှိပါက charging တပ်၍စမ်းပါ။charging ကြိုးတပ်၍စမ်းခြင်း
သည် power ခလုတ်လိုင်းကောင်းမကောင်းဆုံးဖြတ်ခြင်း
ဖြစ်သည်။ charging ကြိုးတပ်၍ power နိုးသော် ခလုတ်လမ်းကြောင်းရှိ ပစ္စည်းတခုခု ပြုတ်ခြင်း (သို့)ပတ်လမ်းပျက်ခြင်း ဖြစ်သည် ။ charging ဖြင့်မနိုးပါက
power Ic Volt ရောက်မရောက်စစ်ရန် ဖြစ်သည်။
power Icအနီးရှိ Condenser များအား Dc volt စကေးဖြင့်တိုင်း
ကြည့်နိုင်ပါသည်။ Power Ic voltမရောက်ပါက Battery အပေါင်းမှ power Icသို့ကြိုးကျော်ရန်....
ကြိုးကျော်ရာတွင် power Ic အနီးရှိ Condenser အားအပေါင်းအ
နုတ်ခွဲပါ။ (Ohmစကေးဖြင့် မီတာတံတခုအား Gnd ပြုလုပ်၍ကျန်တစအား Condenserကိုထောက်၍Gndရှာပါ) Gnd သိပါက ကျန်တဘက်သည် အပေါင်းဖြစ်သည်။ အပေါင်းအနုတ်
သိပါက Condenser ၏အပေါင်းသည် ကျန်သော Condenser များနှင့် အပေါင်းထိသောCondenser ဖြစ်ရမည်။ အနည်းဆုံး ၃လုံး (သို့)၄လုံး ထိရမည်။ထိုကဲ့သို့Condenser ရှာ၍ battery အပေါင်းမှ Condenser အပေါင်းသို့ ကြိုး ကျော်ပါ။ power Ic တွင် volt ရှိ၍ Power ခလုတ်သို့ volt မရောက်ပါက
5.Power Icအားတုန်ကြည့်ပါ ။reball လုပ်ကြည့်ပါ။
မရပါက Power Icလဲရန်။


မူရင်းလခ့်>>>>>https://www.facebook.com/hein.naung.37/posts/1797844750491970

No comments:

Post a Comment

Mobile Phone အတုအစစ်ခွဲနည်း Android Phone များ အတု အစစ်ခွဲနည်း ===================== အဲအကြောင်းလေး မပြောခင်မှာ ဒီအကြောင်းလေးကို ...