Crystal (or) Oscillator (osc)
Crystal (or) Oscillator (osc)
Crystal အကြောင်းကို လိုရင်း တိုရှင်းလေး
ရှင်းပြပါမယ်။ သူလည်း အရေးပါတဲ့
Hardware Device လေးတစ်ခုဖြစ်တဲ့အတွက်
ဖုန်းပြုပြင်ရေးမှာ ချပ်လှန်ထားလို့ မရပါဘူး။
သူက လှိုင်းထုတ်စက်လေးပါ။
သူဘယ်လောက်ထုတ်နိုင်တယ်ဆိုတာကို
သူ့ ကျောပေါ်မှာရေးပေးထားတတ်ပါတယ်။
ဥပမာ - 10KHz (10KHz = 10000Hz)
တစ်စက္ကန့် မှာ အကြိမ်ရေ 10000 ခုန်နိုင်တယ်လို့ 
အဓိပါယ်ရပါတယ်။ လက်တွေ့ မှာတော့
သူ့ ထက်အဆပေါင်းများစွာ ခုန်နှိုင်တဲ့
Crystal တွေသုံးနေတာကို
ပုံလေးထဲမှာပြပေးထားပါတယ်။
ပါဝါအိုင်စီအလုပ်လုပ်ဖို့ ခုန်နှုန်းလိုပါတယ်။
အဲဒီခုန်နှုန်းကို Crystal ကထုတ်ပေးပါတယ်။
သူအလုပ်မလုပ်တော့ဘူးဆိုရင်တော့
ပါဝါမနိုးတော့ပါဘူး။
အဲဒီအခါကျရင် ကျနော်တို့ က
မော်ဒယ်တူတဲ့ Crystal ကို
အစားထိုးပေးရမှာဖြစ်ပါတယ်။
Crystal ကို မီတာနဲ့ တိုင်းလို့ အဆင်မပြေပါဘူး။
Oscilloscope နဲ့ တိုင်းမှအဆင်ပြေမှာဖြစ်ပါတယ်။
လက်တွေ့ မှာတော့ ဒီအတိုင်းပဲဖြုတ်ချလိုက်ပြီး
အလားတူ တစ်လုံးအစားထိုးကြည့်လိုက်တာ
ပိုပြီးမြန်ဆန်ပါတယ်။
#Teacher_YarPyae 😍
#Howtofixerror
#Adminteam
9/15/2017
free software sharing





No comments:
Post a Comment