Speaker and Earpiece ကောင်း-မကောင်းတိုင်းနည်း
Speaker and Earpiece
ကောင်း-မကောင်းတိုင်းနည်း
********************************
ရိုးရိုးလေးပြောရရင် ဖုန်းထဲမှာ
စပီကာနှစ်လုံးသုံးပါတယ်။
တစ်လုံးက Speaker
တစ်လုံးက Earpiece
Speaker
=======
သီချင်းတွေ ၊ ဗွီဒီယိုတွေ ကြည့်တဲ့အခါ
အလုပ်လုပ်ပါတယ်။
Speaker တိုင်းခြင်း
==============
ဒစ်ဂျစ်တယ်မီတာရဲ့ 200Ohm Scale မှာ ထားပါ။
စပီကာငုတ်နှစ်ငုတ်ကို အနီ-အနက် ထောက်လိုက်ပါ။
8 ကနေ 10 အတွင်း အုမ်းတန်ဖိုးပြနေတယ်ဆိုရင်
ကောင်းပါတယ်။
Earpiece
=======
ဖုန်းပြောတဲ့အခါ တစ်ဖက်ကအသံကို
ကြားစေပါတယ်။Phone အပေါ်ဖက်လေးမှာ
ရှိပါတယ်။သံဇကာလေးကာထားပါတယ်။
Earpiece တိုင်းခြင်း
===============
ဒစ်ဂျစ်တယ်မီတာရဲ့ 200Ohm Scale မှာ ထားပါ။
စပီကာငုတ်နှစ်ငုတ်ကို အနီ-အနက် ထောက်လိုက်ပါ။
25 ကနေ 35 အတွင်း အုမ်းတန်ဖိုးပြနေတယ်ဆိုရင်
ကောင်းပါတယ်။
========================
တစ်ချို့ တွေ ဖုန်းပြောတဲ့အခါ
အသံမကြားရဘူးဆိုပြီး ဆိုင်မှာ
လာလာပြင်တတ်ပါတယ်။
စပီကာပျက်နေတယ် (အကြမ်းဖျဉ်း)ပြောတဲ့အခါ
ငြင်းတတ်ကြပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့
သီချင်းဖွင့်တဲ့အခါ ၊ ဗွီဒီယိုကြည့်တဲ့အခါ
အသံလာနေတယ်လေ။ သူ (Customer) ဖက်က
ကြည့်မယ်ဆိုလည်း သဘာဝတော့ကျပါတယ်။
သူမှ မသိတာကိုး။ ကဲ ... ကောင်းမကောင်းတော့
မိမိဖာသာစမ်းတိုင်းကြည့်ပါဗျ။
တစ်ခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။
Power Supply မှာ 1Amp 1Volt ထားပြီး
စပီကာ ငုတ်လေးနှစ်ငုတ်ကို ထိကြည့်ပါ။
ဂျစ် ဂျစ် ဂျစ် ဂျစ် အသံလေးထွက်လာရင်
ကောင်းပါတယ်။
အုမ်းတန်ဖိုးသေသေချာချာလေးသိချင်ရင်တော့
ဒစ်ဂျစ်တယ်မီတာနဲ့ သာတိုင်းလိုက်ပါ။
ဒါကတော့ အလွယ်ဆုံးစမ်းသပ်စစ်ဆေးနည်းလေးပါ။
CREDIT@
#Teacher_YarPyae 😍
9/12/2017
free software sharing


No comments:
Post a Comment