Xioami Redmi Note 3 (MTK) နဲ့ Note 4(MTK)
ဖုန်းတွေရဲ့ BQ IC Short /VSYS လမ်းကြောင်း Short ဖြေရှင်းနည်း နှင့် Charger ပိုင်း
Redmi note 3 ရဲ့ Power ပိုင်းနဲ့ Charger ပိုင်းအတွက် အဓိကလုပ်ဆောင်ပေးတာကတော့
-BQ 24296 IC
-MT 6332P (Second IC)
-MT 6795 (CPU )
-MT 6331P (Main IC )
တို့ဖြစ်ပါတယ်

1. Redmi Note 3 Charger ပိုင်း
ဒီအပိုင်းမှာတော့ အဓိကလုပ်ဆောင်ပေးမဲ့ IC တွေက
MT 6332 P (Second IC) /BQ 24296 နဲ့ CPU ရဲ့ Control လမ်းကြောင်းတွေ ဖြစ်ပါတယ်
Charger ခေါင်းကလာတဲ့ VCHG 5V က BQ IC ရဲ Pin 1/24 ထဲကိုတိုက်ရိုက်ဝင်ပါတယ် Second IC ဖြစ်တဲ့ MT 6332P ရဲ့ Pin J1/2/3-K1/2/3 ငုတ်ထဲကိုလဲ VCHG 5V ပေးသွင်းထားပါသေးတယ်
ဒါကြောင့် Redmi Note 3 MTK တွေမှာ Charger Error တက်ခဲ့ရင် BQ 24296 လဲအရေးကြီးသလို
MT 6332P စစ်ဆေးပေးဖို့လိုပါတယ်
Power ပိုင်းအတွက် PWR Volts ကိုတော့ BQ 24296 ကနေ VPH-PWR Volts ကိုယူသုံးထားပါတယ်
ဒါကြောင့် BQ IC ပျက်ခဲ့ရင် Power မနိုးနိုင်တော့သလို
Charger လဲအားမဝင်တော့ပါဘူး
BQ IC ပျက်တာလား BQ IC အထွက်လမ်းကြောင်းဖြစ်တဲ့ VSYS လမ်းကြောင်းပျက်တာလား အလွယ်တကူဆုံးဖြတ်လို့ရပါတယ်
*ဖုန်းကို Supply နဲ့ချိတ်ပြီး Power key နှိပ်ကြည့်ပါ
တုတ်တုတ်မလုပ်ခဲ့ရင် BQ IC အထွက်လမ်းကြောင်းဖြစ်တဲ့ VSYS လမ်းကြောင်းရှိ Coil လေးကိုထောက်ကြည့်ပါ Short ဖြစ်နေလိမ့်မယ်
Coil ကိုမဖြုတ်ဘဲ Coil ရဲ့တစ်ဖက်ထိပ်ကို 5A Supply မှာ 3.5 V လောက်ထားပြီးထာက်ကြွေးကြည့်ပါ
Short ဖြစ်နေတဲ့ Capacitor မဟုတ်ရင် IC ကိုတန်းတွေ့မှာပါ *
ဒါက Power key နှိပ်လို့ အမ်ပီယာ တုတ်တုတ် မလုပ်လ်ုဖြေရှင်းတဲ့နည်းပါ
*နောက် BQ IC ကိုယ်တိုင်ပျက်တဲ့ပုံစံကတော့ 5A Supply နဲ့ချိတ်ချိတ်ချင်း အမ်ပီယာ ထောင်တက်ပြီး BQ IC အလည်ကကွက်ပူတဲ့ပုံစံပါ
ဘယ်လိုအနေထားမှာ ပျက်တက်လဲဆိုတော့ Charger သွင်းရင်းနဲ့ Power ပျောက်သွားတဲ့အနေထားမှာဆို
ပျက်တာများပါတယ်
BQ IC အသစ်လဲပေးလိုက်အဆင်ပြေပါတယ်
2.Redmi Note 4 MTK မှာတော့
Charger ပိုင်းကို အဓိကလုပ်ဆောင်ပေးတာကတော့
-BQ 24196 /
-CPU (MT 6797) ရဲ့
-SDA0/SCL0
-EINT5
-GPIO
-DRV BUS
လမ်းကြောင်းတွေနဲ့ဘဲထိန်းချုပ်လုပ်ဆောင်သွားပါတယ်
Note 4 တွေမှာ VCHG Volts ရောက်နေရဲ့သားနဲ့ အားမဝင်တာ /အားမခံတာ/ Charger ရာခိုင်နှုန်းမတက်တာတို့ဆို BQ 24196 ကိုအသစ်လဲပေးလိုက်ပါ အဆင်ပြေပါတယ်
BQ IC လဲမယ်ဆို နံပါတ်တူလဲတာကပိုအဆင်ပြေပါတယ်
နံပါတ်မတူတာလဲမိရင် Power တော့နိုးပေမဲ့
Charger ပိုင်းမှာ Error တက်နိုင်ပါတယ်
BQ 24196 က Power ပိုင်းအတွက်လိုအပ်တဲ့ VSYS ကိုထုတ်ထားပေးတဲ့အတွက် BQ ပျက်သော်လည်းကောင်း
VSYS လမ်းကြောင်း ရှော့ဖြစ်သော်လည်းကောင်း Power နိုးမည်မဟုတ်ပါ
BQ IC တွေကအပြင်မှာအလွယ်တကူဝယ်လို့ရပါတယ်
Xioami ကိုစတင်လ့လာဆဲသူတွေအတွက်ပါ
အဆင်ပြေပါစေ
သစ်ဆန်းသူ Mobile
ဘားအံ
09425002244
09255809952

No comments:
Post a Comment